ကော့ကရိတ် ဇန်နဝါရီ ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စာဖတ်ပရိသတ်များ၊ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားပြုလုပ်ခြင်းဖြင့် ကျန်းမာရေးနှင့် ကိုယ်ခံအားကောင်းမွန်စေရန် ရည်ရွယ်၍ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်အား ကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကိုယ်ကာယလေ့ကျင့်ခန်း Physical Fitness Danceသရုပ်ပြ ကပြခြင်းကို ယမန်နေ့ နံနက် ၄နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံး၊ လူထုအခြေပြုဗဟိုဌာန၌ အလက (ခွဲ) လှိုင်ဝကျောင်းမှ ကျောင်းသူများက သရုပ်ပြ ကပြခဲ့ ကြောင်း သိရသည်။
အဆိုပါသရုပ်ပြ ကပြခြင်းကို ကော့ကရိတ်ခရိုင်ပြည်သူ့စာကြည့်တိုက် Facebook Pageတွင် တင်ဆက်ပေးသွားမည်ဖြစ်ရာ အဆိုပါ ကိုယ်ကာယ လေ့ကျင့်ခန်း သည် ကျန်းမာရေးကို အထောက် အကူဖြစ်စေသော အားကစားနည်း တစ်မျိုးဖြစ်သည့်အတွက် မည်သူမဆိုလိုက်ပါကစားသင့်သော အားကစား နည်းတစ်မျိုး ဖြစ်ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)