မိုးညိုမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ်အခွင့်အရေး လိုင်စင်များ လေလံတင်ရောင်းချ

မိုးညို ဩဂုတ် ၂၅

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အရပ်ရပ် အခွင့်အရေးလိုင်စင်များ လေလံတင်ရောင်းချခြင်းကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ မိုးညိုမြို့နယ် စည်ပင်သာယာဦးစီးဌာနရုံးတွင် ယမန်နေ့ နံနက်(၁၀)နာရီက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လေလံတင်ရောင်းချရေး အဖွဲ့ဥက္ကဋ္ဌ စည်ပင်သာယာရေးကော်မတီ အမှုဆောင် အရာရှိ ဦးကျော်မိုးလွင်က လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်သည့် စည်းကမ်းချက်များကို ရှင်းလင်း ပြောကြားသည်။

ထို့နောက်လေလံတင်ရောင်းချ ရေးအဖွဲ့ဝင် ဦးဉာဏ်မြင့်က လေလံတင်ရောင်းချခြင်းနှင့် ပတ်သက်၍ ညွှန်ကြားချက်များ၊ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ကြရန် ပြောကြားပြီး အရပ်ရပ် အခွင့်အရေးလိုင်စင်များအား လေလံတင် ရောင်းချ ခဲ့သည်။

မိုးညိုမြို့နယ်အနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အရပ်ရပ်အခွင့်အရေးလိုင်စင်များလေလံတင် ရောင်းချရာတွင် သားသတ် လိုင်စင်(၅) ခုမှ လေလံကြေး ၂၉၉၇၀၀၀၀ ကျပ်၊အပေါင်ဆိုင်လိုင်စင် (၁၃)ခု မှ ၇၈၄၀၀၀၀ ကျပ်၊ စျေးကောက် (၃)ခု မှ ၁၂၈၀၀၀၀၀ ကျပ်၊ ကူးတို့ဆိပ်(၁) ခုမှ ၃၁၃၅၀၀၀. ကျပ်၊ မြို့မစျေး စက်ဘီးကောက်(၁) ခုမှ ၄၉၅၀၀၀၀ ကျပ်၊ မြို့မစျေး အိမ်သာကောက် (၁)ခု မှ ၄၄၀၀၀၀ ကျပ်၊ စုစုပေါင်း လေလံ (၂၆)ခု မှလေလံကြေး ၅၉၁၃၅၀၀၀ ကျပ်တို့အား လေလံတင်ရောင်းချခဲ့ပြီး ကျန်ရှိသောလေလံများအား ဆက်လက် ရောင်းချသွားမည် ဖြစ်ကြောင်း မြို့နယ်စည်ပင် သာယာဦးစီးဌာနမှသိရသည်။

ကိုမင်း(မိုးညို)