တနိုင်း ဩဂုတ် ၂၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းကို ဩဂုတ်လကုန်ထိ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
တနိုင်းမြို့နယ်အတွင်းရှိ ကျွဲ၊ နွားများအား ပေါင်ပုပ်၊ လက်ပုပ်၊ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းကို မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မင်း၊ ဒုတိယဦးစီးမှူး ဒေါက်တာ အောင်ဂျာလီ နှင့်အဖွဲ့တို့က တနိုင်းမြို့နယ် ကင်ဆားရာရပ်ကွက်ရှိ ကျွဲ၊ နွား(၅၈)ကောင်၊ တိန်ကောက် ကျေးရွာရှိ ကျွဲ၊ နွား (၃၄)ကောင်၊ နန်ဖြတ် ကျွဲ၊ နွား (၁၄)ကောင်၊ ကောင်ရာကျေးရွာရှိ ကျွဲ၊ နွား (၁၉၅)ကောင်၊ ဒကစ(တနိုင်း) ကျွဲ၊ နွား(၆၅)ကောင်၊ ခလရ (၂၃၈)ကျွဲ၊ နွား(၃၀)ကောင်၊ ခမရ(၃၁၈)ကျွဲ၊ နွား(၂၅)ကောင် စုစုပေါင်း ရပ်ကွက်၊ ကျေးရွာအုပ်စု(၇)စုရှိ ကျွဲ၊ နွားကောင်ရေပေါင်း(၄၂၁)ကောင်ထိ ထိုးပေးပြီးကြောင်းနှင့် ကျန်ရှိနေသည့် ရပ်ကွက်၊ကျေးရွာများတွင် ဩဂုတ် လကုန်အထိ ဆက်လက် ထိုးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)