ကျိုက်လတ်မြို့နယ် သန့်ရှင်းသာယာလှပ‌ရေးဌာနဆိုင်ရာများ စုပေါင်းအမှိုက်ကောက်ခြင်း ဆောင်ရွက်

ကျိုက်လတ် ဇန်နဝါရီ ၁၅

ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏  ဦးဆောင်မှုဖြင့် မြို့သန့်ရှင်းသာယာလှပရေးနှင့် ပြည်သူများ စည်းကမ်းလိုက်နာလိုက်နာ ကြရန်၊ လမ်းဘေးဝဲယာများတွင် အမှိုက်စွန့်ပစ်ခြင်း မရှိစေရန်အသိပညာပေးသည် အ‌နေဖြင့် သန့်ရှင်းရေးနှင့် စုပေါင်းအမှိုက်ကောက်ခြင်းကို ယနေ့နံနက် ၇ နာရီခွဲက မြို့အဝင် ၊ မြို့အထွက်‌နေရာများတွင် ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါစုပေါင်း အမှိုက်ကောက်ခြင်း ဆောင်ရွက်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဇေယျ၊ အဖွဲ့ဝင်ဦးစိန်မြင့်နှင့် ဌာနဆိုင်ရာ အကြီးအကဲများမှ ပြည်သူများ စည်းကမ်း လိုက်နာကြရန်၊ စည်းကမ်းမဲ့ လမ်းဘေးများတွင် အမှိုက်စွန့်ပစ်ခြင်း မပြုကြ ရန်နှင့် မြို့နယ်သန့်ရှင်းသာယာလှပရေး စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်အသိ ပညာ ပေး ဆောင်ရွက်ခဲ့ပြီး၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့  ဦးဆောင်၍  ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်၊ကျေးရွာများရှိ ပြည်သူ(၂၃၅)ဦးတို့မှ စုပေါင်း၍ ကျိုက်လတ်မြို့ အဝင် မအူပင်-ကျိုက်လတ်မြို့ ကားလမ်းမ ဝဲ၊ယာ ၊ကျိုက်လတ်-ဖျာပုံ ကားလမ်းမ ဝဲ၊ယာနှင့် ကျိုက်လတ်-စိန်ဟိုင်း-ကျိုက်ပိ-မော်လမြိုင်ကျွန်း ကားလမ်း စသည့် စုရပ်()နေရာ တို့တွင် စုပေါင်း စုပေါင်း အမှိုက်ကောက်ခြင်းဆောင်ရွက် ခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်