ထားဝယ် ဩဂုတ် ၂၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင် မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် မဲဆန္ဒရှင်စာရင်းများကို ကပ်ထားကြေညာလျက်ရှိရာ လိုအပ်ချက်၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များကို ဆောင်ရွက်ပေးလျက်ရှိပြီး ထားဝယ်မြို့နယ်အတွင်း ပြည့်စုံမှန်ကန်သည့် မဲဆန္ဒရှင်စာရင်းများရရှိရေးအတွက် အဖွဲ့များခွဲကာ တစ်အိမ်တက်/ဆင်း စာရင်းကောက်ယူနေမှုများကို ယနေ့နံနက်ပိုင်းက ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်း၊ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်နိုင်နှင့် တာဝန်ရှိသူများက ကျွန်းမွှေးရပ်ကွက်နှင့် မြို့သစ်ရပ်ကွက်များတွင်လိုက်လံကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့နောက် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ပထမအကြိမ်ကပ်ထားကြေညာသည့် မဲဆန္ဒရှင် စာရင်းများလစ်ဟာမှုမရှိစေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့်မဆုံးရှုံးစေရေးအတွက် စာရင်းကောက် ယူရေးအဖွဲ့က ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းလုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများအရောက် တစ်အိမ်တက်/ဆင်း ကွင်းဆင်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးပြီး ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလတွင်ထပ်မံကြေညာမည့် မဲစာရင်း၌ ချို့ယွင်းချက်၊ အားနည်းချက်များ မဖြစ်ပေါ်စေရေးစနစ်တကျ စစ်ဆေးဆောင် ရွက်ခဲ့ကြောင်း သိရသည်။
ကျော်ကျော်လတ်