ချောက်မြို့နယ်၏ ဒေသထွက်ကုန်ပါပလာ လုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်လျက်ရှိရာ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ ပုံမှန်ဝင်ငွေရရှိ

ချောက် ဇန်နဝါရီ ၁၄


မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် ချောက်မြို့နယ်၏ဒ ေသထွက်ကုန်ဖြစ်သော ပါပလာ စားသောက်ကုန်အား စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လျှက်ရှိရာ ဒေသခံပြည်သူများ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းမှ ပုံမှန်ဝင်ငွေရရှိသော လုပ်ငန်းဖြစ်ကြောင်း ပါပလာလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်နေသူများထံက သိရသည်။  

ချောက်မြို့နယ်တွင် ဒေသထွက် ကုန်ပါပလာစားသောက်ကုန်အား စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်နေသူ လုပ်ငန်းရှင်(၆)ဦးရှိရာ ပါပလာစားသောက်ကုန် ဆောင်ရွက်ရာတွင် မတ်ပဲကို အသုံးပြုပြီး ၎င်းမတ်ပဲအား ချောက်မြို့ပြည်သူစျေးမှဝယ်ယူရသည်။ အဆိုပါမတ်ပဲကို အမှုန့်ကြိတ်စက်တွင်အပ်၍ အမှုန့်ရသောအခါ အချို့မှုန့်၊ ဆား၊ ဆော်တာ၊ အမွေးနံရရန်ဇီရာတို့ ထည့်၍ ရေဖြင့်ရောစပ်ကာနယ်၍ တုတ်ဖြင့်ထုရပါသည်။ ထုပြီးသော မတ်ပဲအသားအား ဆီဖြင့်ကိုင်ကာ အလုံးအရှည်တောင့်ဆွဲပီး လိုချင်သောအရွယ်အဆိုဒ် ကတ်ကြေးဖြင့်ညှပ် သစ်သားတုံးခုံပေါ်၌ ပလပ်စတစ်ပိုက်လုံးဖြင့် အဝိုင်းပြားလေးများရအောင် ဖိလှိမ့်မှသာ အနေတော်အဝိုင်းဆိုဒ်ပြားရကြောင်းနှင့် ယင်းပါပလာအဝိုင်းပြားများကို ဇကာပေါက်စကော၏
နောက်ကျောပေါ်၌ ဆီသုတ်ပီးနာရီဝက်ခန့် နေပူအခြောက်လှမ်း ပါကာပါပလာ စားသောက်ကုန် ရရှိကြောင်းသိရသည်။
ချောက်မြို့၏ ဒေသထွက်ကုန် ပါပလာစားသောက်ကုန်သည် နေပူလှမ်းပီးလုပ်ရသော လုပ်ငန်းဖြစ်၍ မြို့၏ရာသီဥတုဖြစ်လည်း ကိုက်ညီကာ စီးပွားဖြစ်လုပ်ကိုင် ဆောင်ရွက်လာကြ သဖြင့် ဒေသခံပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး ပါပလာလုပ်ကိုင်သူ အလုပ်သမားတစ်ဦးချင်း လုပ်အားအပေါ်မူတည်၍ တစ်နေ့လျှင်ငွေကျပ်(၅၀၀၀) ရရှိကြောင်း သိရသည်။
ချောက်မြို့သို့ အလည်လာသူများအတွက် အပြန်လက်ဆောင်အဖြစ်ပေးရန် အကောင်းဆုံး စားသောက်ကုန်စည်ဖြစ်သည်အပြင် ချောက်မြို့အနီးတစ်ဝိုက် မြို့များအပြင် ရန်ကုန်၊ မန္တလေး၊ မိတ္တိလာ၊ ပုဂံ၊ ညောင်ဦး၊ မင်းဘူး၊ ပွင့်ဖြူမြို့များသို့ ဖြန့်ချိရောင်းချပေးလျှက်ရှိကြောင်း ပါပလာလုပ်ငန်းရှင် ဒေါ်စန်းစန်းထံမှသိရသည်။


ဝင်းအိမွန်(ပြန်/ဆက်)