အထက်မင်းလှ ဇန်နဝါရီ ၁၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါမျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ညနေ ၄ နာရီ က မြို့မရပ်ကွက်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ အသိပေးနှိုးဆော်ခဲ့သည်။
အဆိုပါ အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်သည် ရက်ပိုင်းအတွင်း နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှုပိုမိုများပြားလာ ပြီဖြစ်သောကြောင့် အိုမီခရွန်မျိုးကွဲသစ်ကိုကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုမခံရစေရေး ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်များအား တိကျစွာလိုက်နာဆောင်ရွက်ကြရန်၊ နေအိမ်ပြင်ပထွက်လျှင် နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျ မကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု(၂)ကြိမ်ပြည့် အောင်ထိုးနှံခြင်းတို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် အိုမီခရွန်အပါအဝင် မျိုးရိုးဗီဇပြောင်း ရောဂါပိုး များကို သတိပြုကာ မိမိကစ၍ကာကွယ်ကြပါရန်တို့ကို အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)