ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

ဘားအံ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ် ပြပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဘားအံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင် က ကမ္ဘာကြီး ပူနွေးလာမှုကြောင့်မုန်တိုင်းများ၊ အချိန်အခါမဟုတ်မိုးများရွာသွန်းခြင်း၊ ရေကြီးရေလျှံမှု ဖြစ်ခြင်း၊ ရေတွင်းရေကန်များ ပျက်စီးပြီး ရေညစ်ညမ်းမှုဖြစ်ခြင်း၊ အပူချိန်မြင့်တက်လာခြင်း၊ မိုးခေါင်ခြင်း တို့ကြောင့် ရေအရင်းအမြစ်ရှားပါးပြီး သောက်သုံးရေပြတ်လပ်မှုဖြစ်ပေါ်ခြင်း၊ သစ်တောသစ်ပင်များ ပြုန်းတီးခြင်း၊ ဓာတ်တုဓာတ်မြေဩဇာများ သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ ယာဉ်များ၊ စက်မှုလုပ်ငန်းများ တိုးပွာလာခြင်းကြောင့် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ ထုတ်လွှင့်ခြင်း၊ ရာသီဥတု ဆိုးရွားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများ၊ သဘာဝအိုဇုန်းလွှာကို ပျက်စီးစေသော ဓာတုပစ္စည်း များ စသည့် သိကောင်းစရာများကို အသိပညာပေးဟောပြောပြီး၊ ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ  သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးနှင့် ပတ်သက်သည့် စာအုပ်များ၊ နံရံကပ်စာစောင် များကို ခင်းကျင်းပြသထားရှိရာ ဘားအံမြို့နယ် မူလွန်(၄)ကျောင်းမှ ကျောင်းသား/ သူများက လာရောက်လေ့လာ မှတ်သား ကြကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)