လက်ပံတန်းမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်းစစ်ဆေး အသိပညာပေးဆောင်ရွက်

လက်ပံတန်း ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပေါက်တောစုကျေးရွာအုပ်စု၊ အောင်မင်္ဂလာကျေးရွာတွင် ယနေ့နံနက်ပိုင်းက  မီးဘေးကြိုတင်ကာကွယ်ရေး တစ်အိမ်တက်ဆင်း စစ်ဆေးအသိပညာပေး ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့စစ်ဆေးရာတွင် ပေါက်တောစုကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကြည်လင်အောင်၊ အောင်မင်္ဂလာကျေးရွာ တာဝန်ခံဦးကျော်လှဝင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်၄ဦး၊ သန္ဓေတပ်ဖွဲ့ဝင်၂ဦးတို့မှ ပွင့်လင်းရာသီ ရောက်ရှိလာသဖြင့် နေအိမ်များတွင် မီးသတ်ဦးစီးဌာန၏ စံနှုန်းနှင့်ကိုက်ညီသော မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲအိတ်များ အသင့်ထားရှိမှု ရှိမရှိစစ်ဆေးခြင်း၊ အိမ်နှင့်ပတ်ဝန်းကျင်တွင် မီးလောင်လွယ်သော ပစ္စည်းများ၊ လောင်စာဆီများ၊ အမှိုက်များ ရှင်းလင်းထားရန်နှင့် မီးကြွင်းမီးကျန်များ အထူးသတိပြုဆောင်ရွက်ရန် ကျေးရွာအတွင်း တစ်အိမ်တက်ဆင် အသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်၊ပြန်/ဆက်