ကြာအင်းဆိပ်ကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့် ဓာတ်ပုံပြသ

ကြာအင်းဆိပ်ကြီး ဇန်နဝါရီ ၁၄

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အများပြည်သူများအား အထွေ‌ထွေဗဟုသုတများ အတွေးအမြင် အသိဉာဏ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် သိသင့်သိထိုက်သော အကြောင်းအရာများကို သိရှိနားလည်လာနိုင်စေရေးအတွက် အသိ ပညာပေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့ နေ့လည်(၁)နာရီအချိန်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံများအား မြို့နယ်လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ ပြသခဲ့ကြောင်း သိရသည်။

အဆိုပါလူကုန်ကူးမှုတားဆီးရေး နံရံကပ်စာစောင်တွင် လူကုန်ကူးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်များ၊ လူကုန်ကူးသူများ အသုံးပြုသောနည်းလမ်းများ၊ လူကုန်ကူးခံရသူကို အကူအညီပေးရမည့် လိုအပ်ချက်များ၊ ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဆောင်ပုဒ်၏ “လူကုန်ကူးမှုမှန်သမျှ ဝိုင်းဝန်းပူးပေါင်းဆန့်ကျင်ကြ’’ စသည့်ရည်ရွယ်ချက်စာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာ မှတ်တမ်းဓာတ်ပုံများအား ဗီနိုင်းပိုစတာဖြင့် နံရံဘုတ်တွင် အများပြည်သူများ လာရောက်ကြည့်ရှု လေ့လာနိုင်စေရေးအတွက် ခင်းကျင်းပြသပေးခဲ့ကြောင်း သိရသည်။

မျိုးမင်းဦး