ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ စာဖတ်ဝိုင်း ဆွေးနွေး

ဆင်ပေါင်ဝဲ  ဇန်နဝါရီ  ၁၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ယမန်နေ့မွန်းလွဲ (၂)နာရီက Book Club အဖွဲ့များနှင့် ပူးပေါင်းကာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ)ရေးသားထားသော "ပျော်ရွှင်နိုင်ပါစေ"စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ဦးစီးအရာရှိ ဦးနိုင်လင်း က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ဆွေးနွေးပြီး BookClub အဖွဲ့ဝင် ဦးတင့်ဆွေ က စာပေဖတ်ရှူခြင်းဖြင့် ပတ်ဝန်းကျင်ကောင်း တစ်ခုဖြစ်အောင် ဆောင်ရွက်နိုင်ခြင်း၊ အဖွဲ့ဝင် ဦးစိုးမိုးထက်မှ ဇွဲ၊လုံ့လရှိစွာ ဆောင်ရွက်ခြင်းဖြင့် အောင်မြင်မှုများရရှိစေခြင်း၊ ဒုပညာရေးမှုး ဦးအေးမင်းထွန်းမှ စာပေဖတ်ရှုခြင်းဖြင့် မကောင်းသည့်စိတ်၊ အတွေးအကြံတို့ မရှိဘဲ နှလုံးသားကို နူးညံ့လာစေကြောင်း စသည်ဖြင့် အကျယ်တဝင့် ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော အခြေခံပညာ မူလတန်း (လွန်ကျောင်း)မှ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခဲ့ပြီး စာဖတ်ဝိုင်းကိုလည်း လစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ချိုချိုဝင်း(ဆင်ပေါင်ဝဲ)