သံတောင်ကြီး ဒီဇင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး ဒေသခံ ပြည်သူများမှာ အများအားဖြင့် ဥယျာဉ်ခြံလုပ်ငန်းကို အသက်မွေး ဝမ်းကျောင်းအနေနှင့် အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ နှစ်ရှည်ပင်ဖြစ်သည့် ကော်ဖီသီးမှည့်များကို ယခုလတွင်စတင် ဆွတ်ခူးနေပြီဖြစ်ကြောင်း သိရသည်။
သံတောင်ကြီးမြို့နယ်တွင် ကော်ဖီသီးနှံများကို သဘာဝမြေဩဇာများကိုသာ အသုံးပြုခြင်းဖြစ်ပြီး သံတောင်ကြီးဒေသ စိုက်ပျိုးသောကော်ဖီအမျိုးအစားမှာ အာရေဗီကာကော်ဖီ(ကုန်းမြင့်ကော် ဖီ)နှင့် ရိုဘက်စတာကော်ဖီ(အပင်မြင့်ကော်ဖီ)ပင်များကိုအများအားဖြင့် စိုက်ပျိုးကြသည်။
ယခင်က သံတောင်ကြီးမြို့နယ်တွင် နည်းပညာအားနည်းခြင်းကြောင့် ကော်ဖီများ အရည်အသွေး ကောင်းမွန်စွာ စိုက်ပျိုးထုတ်လုပ်နိုင်ခြင်းမရှိသော်လည်း ယခုအခါ စိုက်ပျိုးရေးဦးစီးဌာနမှ ကော်ဖီ စိုက်ပျိုးနည်းပညာများကို လက်တွေ့ကွင်းဆင်းသရုပ်ပြပေးသည့်အတွက် ကော်ဖီစိုက်တောင် သူများအနေဖြင့် အရည် အသွေးကောင်းမွန်သော ကော်ဖီများကို စိုက်ပျိုးလုပ်ကိုင်ဆောင်ရွက်လျက် ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)