ဟင်္သာတ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့ အ.ထ.က(၁) ဟင်္သာခန်းမ ဆေးထိုးစုရပ်တွင် ယနေ့နံနက် (၉)နာရီက အသက်(၁၂)အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မူဖြင့် မြို့နယ်ပညာ ရေးမှူးနှင့် သက်ဆိုင်ရာကျောင်းအုပ်ကြီးများ၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအကျိုး တော်ဆောင်များက ကာကွယ်ဆေးထိုးခြင်း၊ Data Base စာရင်းထည့်သွင်းခြင်းတို့အား စနစ်တကျ ကြီးကြပ်၍ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည်။
အ.ထ.က(၁)ကျောင်း ဆေးထိုးစုရပ်တွင် မြို့ပေါ်ကျောင်များ၊ (ဘက)ကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများကိုလည်း ကောင်း သက်ဆိုင်ရာ နယ်ကျောင်းစုရပ်များတွင်လည်း သတ်မှတ်နယ်မြေများမှ အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများကို ယမန်နေ့အထိ ပထမအကြိမ် (၁၃၅၉၇)ဦးနှင့် ဒုတိယအကြိမ် (၁၃၃၀၈)ဦးတို့ကို ကာကွယ်ဆေး ထိုးပြီးဖြစ်ကြောင်း ကျန်ရှိနေသူများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ပညာ ရေးမှူး ဦးဦးလှမြင့်ထံက သိရှိရသည်။
ကိုဇော်