လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ကလေးများ ကဗျာရွတ်၊ ပုံပြင်ပြော၊ ဆေးရောင်ချယ်​ခြင်း ပြိုင်ပွဲများဆောင်ရွက်

လှိုင်းဘွဲ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ ကလေးစာဖတ်ခန်း၌ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် စိန့်ဖရန်စစ်ဇေးဗီးယား မူကြိုကျောင်းမှ ကလေးငယ်များက ပြည်သူ့စာကြည့်တိုက်၏ ကလေးစာဖတ်ခန်းသို့ လာရောက်ကာ ကလေးစာပေများ ကို လေ့လာခဲ့ကြသည်။

ထို့နောက် မူကြိုကလေးငယ်များက မိမိတို့၏ အမည်များကို မိတ်ဆက်ပေးကြပြီး ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် ဆေးရောင်ချယ် ပြိုင်ပွဲများကို မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရှိရသည်။

ဆန်းကျော်မိုး (ပြန်/ဆက်)