ရေကြည် ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင်ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် အသိပေးခြင်းများကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန်အတွက် အသိပညာပေး နှိုးဆော်မှုများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက အရှိန်အဟုန်မပျက် နှိုးဆော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲ(၁)နာရီအချိန်က မြို့ပေါ်ရပ်ကွက်များရှိ လမ်းဆုံလမ်းခွများ၌ နှိုးဆော်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ မျိုးဇီဇပြောင်းလဲမှုအပေါ် ပြည်သူများ အလေးထားလိုက်နာ နေထိုင်ကြရန် အသိပေးခြင်း၊ သတိပေးခြင်းများကို နှိုးဆော်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့်လည်း ကိုဗစ်-၁၉ကာကွယ် ဆေးထိုးနှံရာတွင်အပြည့်အဝထိုးနှံမှုခံယူရန်၊ ပြည်သူများအနေဖြင့်နေအိမ်ပြင်ပထွက်ခွာပါကပါးစပ်၊ နှာခေါင်း စည်း(Mask)နှင့် မျက်နှာအကာ Face Shield ကို စနစ်တကျ တပ်ဆင်သွားကြရန်၊ အရာဝတ္တု တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း၊အပြင်မှပြန်လာပြီးတိုင်းလက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊လူစုလူဝေးရှောင်ကြဉ်ကြရန်၊ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံရေး စသည့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်၊စည်းကမ်းသတ်မှတ်ချက်များကို တိကျစွာလိုက်နာခြင်းဖြင့် အသိပညာပေးလုပ်ငန်းများ တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါရန် နှိုးဆော်ခဲ့ကြောင်း သိရသည်။