ဒေးဒရဲ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များအခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္တုစာအုပ်များနှင့် အသိပညာဗဟုသုတများစွာ ရရှိမည့် စာအုပ်များ စုံလင်စွာ ငှားရမ်းပေး နိုင်ရေးဆောင်ရွက်ခဲ့ရာ စာကြည့်တိုက် အသင်းဝင်(၆) ဦးအား သုတ(၆)အုပ်၊ ရသ (၁၀) အုပ် ငှားရမ်းပေးနိုင်ခဲ့သည်။ အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင် အသစ်များဖြင့် အပတ်စဉ် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)