ငါးသိုင်းချောင်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ သရက်ကုန်းလမ်းတစ်လျှောက်တွင် ယနေ့နံနက်ပိုင်းက ဒေသခံပြည်သူများသို့ ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ငါးသိုင်း ချောင်းမြို့ရှိ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ပေးနေမှု အခြေအနေ၊ ကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးနေမှု အခြေအနေနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီး ဌာနက လမ်းညွှန်ထားသည့် ရောဂါကြိုတင် ကာကွယ်ရေးနည်းလမ်းများအတိုင်း စနစ်တကျ လိုက်နာဆောင်ရွက်ရေး၊ မက်စ်(mask) နှာခေါင်းစည်း စနစ်တကျတပ်ဆင် နေထိုင်သွားလာရေး၊ စနစ်တကျ လက်ဆေးရေး အစရှိသည်များကို ဒေသခံပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် အသိပညာပေး နှိုးဆော် ကြေညာဆောင်ရွက်ခဲ့ပေးခဲ့ကြောင်း သိရှိရသည်။
စိုးမင်းဦး