ကမမောင်း ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအကြောင်းကို ပြည်သူများ သိရှိစေရန်နှင့် လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးအသိပညာပေး(Talk Show)ဆွေးနွေးပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမ၌ Online မှတစ်ဆင့် ဆောင်ရွက်ခဲ့ကြောင်း သိရှိရ သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ယဉ်ယဉ်အေးက (TalkShow)ဆွေးနွေးပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းပြောကြားပြီး ကမမောင်းမြို့ အမျိုးသမီးရေးရာအဖွဲ့၀င် ဒေါ်မိမာမာကြည်က အမျိုးသမီးများ အနေဖြင့် အကြမ်းဖက်မှုခံရပါက ကူညီဆောင်ရွက်ပေးမှုအခြေအနေ၊ အမျိုးသမီးများ၏ လူမှုဘ၀ မြင့်မားရေးအတွက် ဆောင်ရွက်နေမှုများ၊ အမျိုးသမီးများအနေဖြင့် အကြမ်းဖက်မှု မခံရစေရေးအတွက် ကာကွယ်ရမည့်နည်းလမ်းများ၊ မိမိကိုယ်ကိုကာကွယ်ရမည့် အချက်များကို Online မှ တစ်ဆင့် အသိပညာပေးဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)