ပေါက်ခေါင်းမြို့တွင် ကိုဗစ်-၁၉ရောဂါပိုး ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ပေါက်ခေါင်း  ဇန်နဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါက်ခေါင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေး နှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်း ဟန်းစပီကာ ဖြင့်လှည့်လည်၍ ကိုဗစ်-၁၉ရောဂါပိုး ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိ‌ပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါပိုး ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များအား လိုက်နာကြရန်၊  ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူရန်နှင့် မိဘပြည်သူများအနေဖြင့် ဌာနဆိုင်ရာများနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြရန်၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ဆေးများအား မပျက်မကွက် ထိုးနှံကြရန်နှင့် ကိုဗစ်-၁၉ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများ အားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန် စသည့် အချက်များကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/‌ဆက်)