ဘောဂလိမြို့၌ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကျင်းပ

ဘောဂလိ  ဇန်နဝါရီ  ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့၌ မူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် () နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘောဂလိမြို့ရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘောဂလိမြို့ဒုဦးစီးမှူး ဒေါ်ကြည်ကြည်ခိုင်က ဦးဆောင်ဆွေးနွေးကာ ဘောဂလိမြို့  မြို့မရဲစခန်းစခန်းမှူး ဒုတိယရဲမှူးဦး‌အောင်ကိုက မူးယစ် ဆေးဝါး၊ မူးယစ်ဆေးဝါး ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲသူများတွင် ဖြစ်ပေါ်တတ်သော လက္ခဏာ များ၊ မူးယစ်ဆေးဝါးတားဆီးကာကွယ်ရေး ဆောင်ရွက်ချက်များ ကိုလည်းကောင်း၊ ဘောဂလိမြို့ မြို့မ ရဲစခန်းမှ တွဲဘက်တပ်သား ဦးဝင်းထွန်း‌အောင်က မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော တားမြစ်ဆေးဝါးဆိုင်ရာဥပဒေ၊ ပုဒ်မများ၊ ပြစ်မှုဖြစ်ဒဏ် များကိုလည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြ သည်။

အဆိုပါဆွေးနွေးမှု ဗီဒီယိုအပြည့်အစုံကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘောဂလိမြို့ရုံး Facebook Page ဖြစ်သော ဘောဂလိမြို့ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အလွယ်တကူ လေ့လာကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ဘောဂလိ (ပြန်/ဆက်)