လိပ်သို ဇန်နဝါရီ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုဒေသတွင် ဒေသထွက်ကုန်ဖြစ်သော တောင်ပေါ် ကွမ်းကြမ်းများ အရောင်းအဝယ်ဖြစ်လျက်ရှိသောကြေင့် ကွမ်းစိုက်ပျိုးသူဒေသခံတောင်သူများက လိပ်သိုမြို့ပေါ်တွင် လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကွမ်းကြမ်းများကို ကွမ်းရောင်းဝယ်သူများက အချိန်တစ်ဆယ်လျှင် ကျပ် (၁၆၀၀ဝိ/-)မှ (၁၈၀၀ဝိ/-) အထိ လာရောက်ဝယ်ယူကြပြီး လိပ်သိုမြို့မှတစ်ဆင့် တောင်ငူ-ရေတာရှည်၊ အုတ်တွင်း-ထန်းတပင်မြို့နယ်များသို့ ဆက်လက်ဖြန့်ချီ ရောင်းချလျက်ရှိကြောင်း သိရသည်။ လိပ်သိုဒေသရှိ ငပိုးကြီး၊ ဒေဒါခို၊ လေလော်ဒေး၊ မိုင်းလွန်၊ လာမယ်ဖိုလီ စသည့် တောင်ပေါ်ဒေသကျေးရွာများမှ တောင်ပေါ်ဒေသထွက် ကွမ်းကြမ်းများအား ပိဿာချိန်အလိုက် ရောင်းချခြင်း ရှိသကဲ့သို့ လက်လီအဖြစ်လည်းရောင်းချကြရာ ကွမ်းကြမ်းတစ်ထုပ်လျှင် ကျပ် ၅၀၀ ခန့်ရှိကြောင်း သိရသည်။
မြို့ ပြန်/ဆက်