ကျွန်းစုမြို့တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်းသိမ်းရေး ကြီးကြပ်မှုကော်မတီ က အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျွန်းစု ဇန်နဝါရီ ၁၄

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ထိန်း သိမ်းရေး ကြီးကြပ်မှုကော်မတီက မော်တော်ယာဉ်များ အသုံးပြုသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် စပ်လျဉ်း၍ ဥပဒေများ သိရှိလိုက်နာနိုင်ရန်နှင့် ကျန်းမာရေးဆိုင်ရာ၊ မူးယစ်ဆေးဝါးဆိုင်ရာ၊ လူကုန်ကူးမှုဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေး ဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ()နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး(ကိုယ်စား) ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးအောင်က (အိုမီခရွန်)ရောဂါပိုး တွေ့ရှိမှုအပါအဝင် ကျန်းမာရေးဆိုင်ရာများအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စခန်းမှူး ဒုရဲမှူး စံလှက မှုခင်းပိုင်းဆိုင်ရာများအား ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဦးပြည့်ဖြိုးသော်တာက မူးယစ်ဆေးဝါးဆိုင်ရာ ရောင်းဝယ်သုံးစွဲမှု ဥပဒေများအားလည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးထွန်းထွန်းဦးက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ကိစ္စနှင့် ပတ်သက်၍လည်ကောင်း၊ အသီးသီး ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ရဲမှူး ရန်နိုင်ဝင်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)