ကလိန်အောင် ဇန်နဝါရီ ၁၄
“လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားတိုင်း ဥပဒေအရကိုင်ဆောင်သင့်သည့် လက်မှတ်တစ်မျိုးမျိုးကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းကို ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မွန်ပြည်သစ်ကျေးရွာအုပ်စု၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာန၊ ရေဖြူမြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးမြင့်နှင့် ၀န်ထမ်းများက ရေဖြူမြို့နယ် မွန်ပြည် သစ်ကျေးရွာအုပ်စုအတွင်း နေထိုင်လျက်ရှိသည့် ကျေးလက်နေ တိုင်းရင်းသားပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြားကို အသက် (၁၀) နှစ်ပြည့်၊ အသက်(၁၈)နှစ်ပြည့် ပြုလုပ် ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်ပေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေး ခြင်းတို့အား ဆောင်ရွက်ပေးခဲ့ရာ အသက်(၁၀)နှစ်နှင့် (၁၈)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား စုစုပေါင်း (၁၁၀) ဦးနှင့် အိမ်ထောင်စု (၁၄၁) စုတို့အား အိမ်ထောင်စုစာရင်း ဆောင်ရွက် ပေးခဲ့ပြီး ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
မိုးမိုးခိုင်