အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါမျိုး ကွဲသစ်အိုမီ ခရွန် (Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ဆောင်ရွက်

အုတ်တွင်း  ဇန်နဝါရီ  ၁၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာ အချက်များ အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက ကြက်သွန်ခင်း (၁)ရပ်ကွက်နှင့် မီးလောင်ချောင်းနှင့် ညောင်ပင်ကြီးကျေးရွာများအရောက် အသံချဲ့စက်ဖြင့် လိုက်လံ အသိပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံမှုကို အကြိမ်ပြည့် မပျက်မကွက်ခံယူပါ၊ ကိုဗစ်-၁၉ရောဂါကို မိမိကစ၍ ဆက်လက်ကာကွယ်ပါ၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ပါ၊ နှာချေ၊ချောင်းဆိုးလျှင် တံတောင်ဆစ်ကွေးနှင့် အုပ်၍ဆိုးပါ၊ ပြတင်းတံခါးများ ဖွင့်ထားပါ၊ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာ ဆေးကြောပါ၊ တတ်နိုင်သမျှ မိမိနေအိမ်တွင်နေထိုင်ပါ၊ မဖြစ်မနေ အိမ်ပြင်ထွက်ပါက ပါးစပ်နှင့်နှာခေါင်းစည်း (Mask)တပ်ဆင်ပါ၊ လူစုလူဝေးရှောင်ပါ၊ သံသယလက္ခဏာခံစားရလျှင် ကျန်းမားရေးဌာနသို့ ချက်ချင်းဆက်သွယ်ပါ စသည့် အချက်များကို ပြည်သူများအားလုံး ဆက်လက် လိုက်နာကျင့်သုံးသွားကြပါရန် တိုက်တွန်း နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခင်ခင်မာ