မော်လမြိုင်ကျွန်းမြို့နယ်အတွင်း ရောင်းချလျှက်ရှိသောမုန့်ဆိုင်များမှကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသား များပြည့်စုံမှုရှိ /မရှိ လိုက်လံ စစ်ဆေး

မော်လမြိုင်ကျွန်း ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်အတွင်း ရောင်းချ လျှက်ရှိသော မုန့်ဆိုင်များမှ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများပြည့်စုံမှုရှိ/မရှိ လိုက်လံစစ်ဆေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်သည်။

အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမင်းဇော်လတ် နှင့်တာဝန်ရှိသူများ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးခေါင်း ဦးစိုးဘိုဘိုထွန်း၊ (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံအုပ်ကြီး ဦးခိုင်ထွန်းဇော် ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မော်လမြိုင်ကျွန်းမြို့၊ ဆိပ်ကမ်းသာဈေးရှိ မုန့်ဆိုင်များသို့ ကွင်းဆင်း‌စစ်ဆေးခဲ့ကြောင်းသိရသည်။

အောင်အောင်(ပြန်/ဆက်)