ကြံခင်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ MCCT အစီအစဉ်ဖြင့် ထောက်ပံ့မှုများအား လွယ်ကူချောမွေ့ စွာထုတ်ယူနိုင်ရန် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် ဧရာဝတီဘဏ်တို့ ပူးပေါင်းပြီး ယနေ့နံနက်(၉)နာရီအချိန်က ကြံခင်းမြို့ ဧရာဦးခန်းမတွင် MCCT အစီအစဉ်အတွက် ဆင့်ပွားသင်တန်း ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်သီတာဦးမှ ထောက်ပံ့ငွေ ထုတ်ယူနိုင်သည့် နည်းလမ်း(၃)မျိုးအား လည်းကောင်း၊ အကျိုးခံစားခွင့်ရှိသူများအနေဖြင့် ထောက်ပံ့ငွေလက်ခံမည့် နည်းလမ်းအား တိကျစွာ ထည့်သွင်းနိုင်ရန် AYA Pay အကောင့်ဖွင့်ဆောင်ရွက်ပုံများ ကို ယခုသင်တန်းတွင် သင်ကြားပြသမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားပါသည်။
ထို့နောက် သင်တန်းစတင်ရာ ဧရာဝတီဘဏ်မန်နေဂျာဒေါ်ခိုင်ရည်မွန်မှ အကောင့်ဖွင့် ဆောင်ရွက်ရမည့် နည်းလမ်းများအား လည်းကောင်း၊ အကြီးတန်းဘဏ် လက်ထောက် ဦးသူရကျော်ကျော်မှ Wallet နှင့်ရယူရန် AYA Pay အကောင့်ဖွင့်ပုံနှင့် အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ် တိကျစွာဖြည့်သွင်းပုံများကို ရှင်းလင်းပြောကြားပြီး လက်တွေ့ပြသပေးပါသည်။
အဆိုပါ သင်တန်းကို နံနက်(၉)နာရီအချိန်တွင် အမျိုးသမီးရေးရာ(၃၅)ဦးနှင့် နေ့လည်(၁)နာရီ အချိန်တွင် ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်း(၃၅)ဦးတို့အား ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နှစ်ချိန်ခွဲ၍ ဖွင့်လှစ်သင်ကြားပေးကြောင်း မြို့နယ်လူမှုဝန်ထမ်းဦးစီး ဌာနမှတာဝန်ရှိသူထံက သိရသည်။
မိုးမိုး(ပြန်/ဆက်)