ဝေါ ဇန်နဝါရီ ၁၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြုံတွေ့လာပါက ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့ နံနက်ပိုင်းက ဝေါမြို့မစျေးရှေ့တွင် ကျင်းပပြုလုပ်ခဲ့ သည်။
ထိုသို့ ဇာတ်တိုက်လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးအရာရှိ ဦးသိန်းထွန်းက မီးလောင် ကျွမ်းမှု ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရန် နည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရန် ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ အရေးပေါ် မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ဆေးဘူး အသုံးပြုနည်းများ၊ ဆီမီးလောင်မှုအား လက်တွေ့မီးငြှိမ်းပြသခဲ့ပြီး မီးသတ်ယာဉ်ဖြင့် လက်တွေ့ရေဖြန်း သရုပ် ပြသခဲ့ကြောင်း သိရသည်။
အဆိုပါ မီးဘေးကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမော် နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်မြတ်လင်း (ပြန်/ဆက်)