မြန်အောင် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနက မြို့နယ်အတွင်းရှိ ထောက်ပံ့ကြေးတစ်ကြိမ်မှ မရရှိဖူးသော မသန်စွမ်းသူ ကျား(၁၇) ဦး၊ မ(၆) ဦး စုစုပေါင်း(၂၃) ဦးတို့အား တစ်ဦးလျှင် (၃၀၀၀၀) ကျပ်နှုန်းဖြင့် ထောက်ပံ့ကြေးပေးအပ်ခဲ့ကြောင်းသိရသည်။
ထိုသို့ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ထောက်ပံ့ကြေးတစ်ကြိမ်မှ မပေးရသေးသော မြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဝင် မသန်စွမ်း(၁၁) ဦးနှင့် မြို့နယ်အတွင်းမှ မသန်စွမ်း(၁၂)ဦးတို့အား မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများက မြို့နယ်စစ်မှုထမ်း ဟောင်းရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရှိရသည်။
ဝင်းဗိုလ် (မြန်အောင်)