အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်းစရာ အသိပညာပေး Talk Show ပြုလုပ်

အိမ်မဲ ဇန်နဝါရီ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌  ယနေ့နံနက် (၁၀)နာရီက စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလွှမ်းသီဟက အသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလေးလွင် က စားသုံးသူ၏ အခွင့်အရေးနှင့် တာဝန်များ၊ စားသုံးသူရေးရာကော်မတီ၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ကုန်အညွှန်းအမှတ် အသား ဖော်ပြခြင်းနှင့် ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း၊ တားမြစ်ချက်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ ပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ်ဒဏ်များကို အကျယ်တဝင့် ရှင်းလင်း ဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။

အိမ်မဲမြို့နယ် (Community Centre) ခန်းမတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်းလမ်းများနှင့်အညီ Talk Show များ၊ ဟောပြော ပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ချစ်သက်လယ်