ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ

ဝေါ  ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်းတွင် ဝေါမြို့နယ်ခန်းမ၌ ဆေးထိုးစုရပ်(၂) နေရာ၊ ဆေးထိုးစုရပ် (၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် (၁၃ - ၁ - ၂၀၂၂) ရက်နေ့မှစတင်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်မှ မထိုးရသေးသူများအား Phase-6 ပထမအကြိမ် Covishield ဆေးကိုလည်းကောင်း၊ Phase-5 ပထမအကြိမ်ဆေးထိုးပြီးသူများအား ဒုတိယအကြိမ် Sinovac ဆေးကိုလည်းကောင်း၊  Phase-4 ပထမအကြိမ်ဆေးထိုးပြီးသူများအား ဒုတိယအကြိမ် Sinopharm ဆေးကိုလည်းကောင်း တစ်ပြိုင်တည်း ဝေါမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးလျက်ရှိသည်။

ဝေါမြို့နယ်တွင် ပြည်သူများ ကိုဗစ် - ၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်းပပျောက်စေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးစနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများ ကိုလည်း သက်ဆိုင်ရာ ဆေးထိုးစုရပ် များအလိုက် ဝေါမြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါလ (၁၃)၊ (၁၄)၊ (၁၅) ရက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm Phase-4. Phase-5 ပထမအကြိမ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများကို မပျက်မကွက် ကာကွယ်ဆေး သွားရောက်ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

အောင်မြတ်လင်း (ပြန်/ဆက်)