အမာ ဇန်နဝါရီလ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူ ပြည်သူများ စာပေဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ရိုက်ကူးထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက စာရေးဆရာမ ဒေါ်လေးရွှေရည်၏ “သူငယ်ချင်းကောင်းဆိုတာ” ခေါင်းစဉ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့် တင်ဆက်ခဲ့ကြောင်းသိရသည်။
ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့ရုံးစာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ်ပရိတ်သတ်ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ်၊ သမီးငယ်လေးများ အတွက် စာပေဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့ဦးစီးမှူးနှင့် ဝန်ထမ်းများက Online မှ တဆင့် သုတ၊ ရသစာအုပ်မိတ်ဆက် အစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြောခြင်း အစီအစဉ်၊ ကဗျာလေးတွေရွတ်ကြမယ် အစီအစဉ်၊ စက္ကူအရုပ်ခေါက် အစီအစဉ်များကို အမာမြို့ရုံးပြည်သူ့စာကြည့်တိုက် Page မှတဆင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
အမာ (ပြန်/ဆက်)