ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ကြို့ပင်ကောက် ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး၊ အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အတူ အစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်း ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့ မွန်လွဲပိုင်းက ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ဘွက်ရိုးကျေးရွာအုပ်စု ကျောင်းကုန်းကျေးရွာ တွင် အကောင် အထည်ဖော် ဆောင်ရွက်နေသော တိုင်းဒေသကြီးအစိုးရအဖွဲ့ အထွေထွေပိုလျှံရန်ပုံ ငွေကျပ် ၅၅၇၆ ဒသမ ၀၆ သိန်းဖြင့် မြို့ရေပေးဝေရေးလုပ်ငန်း အကောင်းအထည်ဖော် ဆောင်ရွက် နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသခံပြည်သူများ ရေရှားပါးချိန်အမီ ရေရရှိရေး ဆောင်ရွက်ပေး နိုင်ရေးကို သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ မြို့မဈေးမြောက်ဘက် ဘူတာရုံလမ်းအား ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် အလျား ၅၉၅ ပေ၊ အနံ ၄၄ ပေ၊ ထု  ၈ လက်မအား ခွင့်ပြုငွေကျပ် ၆၆ ဒသမ ၄၀၅ သန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်နေမှုနှင့် မြို့မစည်ပင်သာယာဈေး ဈေးရောင်းချနေမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)