ဆားလင်းကြီးမြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ

   ဆားလင်းကြီး      ဇန်နဝါရီ     ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်တွင် ပထမအကြိမ်ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းနှင့် ဒုတိယအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိနေသည့် ပြည်သူများ အား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၈နာရီအချိန်က စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရှိ OSSခန်းမတွင် မြို့နယ်ဆရာဝန်ကြီး၏ ကြီးကြပ်မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။

ထိုသို့ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးရာတွင် ကာကွယ်ဆေးလာရောက်ထိုးနှံသူများကို ကာကွယ် ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း နှင့်ကာကွယ် ဆေးထိုး မှတ်တမ်းရေးသွင်းခြင်းများ ပြုလုပ်ပြီးနောက် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး လမ်းညွှန် ချက်များနှင့် အညီ ထိုးနှံပေးခဲ့ရာ ဇန်နဝါရီ ၁၃ ရက်နေ့တွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၁၁)ဦး နှင့် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံသူ ပြည်သူ(၂၀)ဦး စုစုပေါင်း(၃၁)ဦး လာရောက်ထိုးနှံ ခဲ့ကြောင်း သိရှိရသည်။

ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဥမ္မာခိုင်