တောင်တွင်းကြီးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲနှင့်ပြပွဲ၊ ပြိုင်ပွဲများကျင်းပဆောင်ရွက်

တောင်တွင်းကြီး ဇန်နဝါရီ ၁၃

မကွေးတိုင်းဒေသကြီး၊‌ တောင်တွင်းကြီးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူး၍ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀) နာရီက စာဖတ်ရှိန်မြှင့်တင်‌ရေးအသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်‌အေးမိုးမိုးမြင့်က ကလေး ငယ်များ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စဉ်းစားတွေးခေါ်မှုအား ကောင်းစေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ အဖွဲ့အစည်းများနှင့်ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အလေ့အထများရရှိစေရန်၊ ပျော်ရွှင်မှုရရှိစေရန်နှင့် မြို့နယ်ပြည်သူ့စာကြည့် တိုက်အား အများပြည်သူ ဝင်ထွက် သွားလာနိုင်သည့်နေရာ၊ ပညာဗဟုသုတရှာမှီးရာနေရာတစ်ခုအဖြစ် သိရှိစေရန်ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဆက်လက် ၍ ဒုတိယဦးစီးမှူးဒေါ်စီစီမိုးမှ ‌ခေါင်တူးစာ‌ပေနှင့်ယဥ်‌ကျေးမှု‌ကော်မတီက‌ ရေးသားသည့် "အတူတကွ" ပုံပြင်အားပြောပြခြင်း၊ ပုံပြင်ပါအကြောင်းအရာများ အားပြန်လည် မေးမြန်းခြင်း များကို ဆောင်ရွက်ခဲ့ပြီး ပုံပြောပြိုင်ပွဲ၊ မြန်မာစကားပုံဆက်ပြိုင်ပွဲ၊ အင်္ဂလိပ်စကားလုံးဆက်ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲများကို ကျင်းပပေးခဲ့ကာ ဆုများအသီးသီးပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါအစီအစဉ်ကို တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ အလယ် တန်းကျောင်း (မြို့မ)တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး  မူလတန်းအဆင့်‌ ကျောင်းသားကျောင်း သူကလေးငယ်(၃၀)ဦးတို့ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြကာ ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓါတ်ပုံပြဘုတ်များကိုလည်း စိတ်ပါဝင်စားစွာကြည့်ရူ့လေ့လာခဲ့ကြကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)