မအူပင် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးဆောင်ကျင်းပသည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆)လအတွက် MCCT အစီအစဉ်၊ Digital Literacy ဆင့်ပွားသင်တန်းကို ယနေ့နံနက် ၁၀ နာရီက မအူပင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
သင်တန်းတွင် မအူပင်ခရိုင် လူမှုဝန်ထမ်းရုံးဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ဝင်းဝင်းအေးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေး အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် ကိုယ်ဝန်ဆောင် မိခင်များနှင့် မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ထောက်ပံ့ပေး ခြင်း (MCCT) အစီအစဉ်ကို AYA Bank မှတစ်ဆင့် နည်းပညာအသုံးပြုပြီး အကျိုးခံစားခွင့် ရှိသူများထံ ထောက်ပံ့ပေးရန် စီစဉ်ထားရှိသဖြင့် စာရင်းများ တိကျမှန်ကန်စွာ ကောက်ယူနိုင်ရေး သင်တန်းပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
သင်တန်းသို့ မအူပင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု (၈၈)အုပ်စုမှ ရပ်ကျေးစာရေး ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအလိုက် တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
အောင်ခိုင်(ပြန်/ဆက်)