ပန်းတနော် ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်း ပြည်သူများ သတိပြုသိရှိလိုက်နာစေရန်အတွက် ယနေ့နံနက် ၉ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ကြောင်းသိရ သည်။
ထိုသို့ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပန်းတနော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါပိုးအကြောင်းကို သတိပြုမိကြစေရန်နှင့် ပြည်သူများအနေဖြင့် လူစုလူဝေးမှရှောင်၍ တတ်နိုင်သမျှ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကိုမဖြစ်မနေ စနစ်တကျ တပ်ဆင်ကြရန်၊ လက်ကိုမကြာခဏ ဆေးကြော ကြရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ကြရန်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှု ခံယူခြင်း တို့ကိုအထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်၊ မိမိတို့၌ ရောဂါပိုးကူးစက်သည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ် အကြောင်းကြားရန် စသည့် အချက်များကို မြို့ပေါ်ရပ်ကွက်များအတွင်းသို့ လှည့်လည်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ ဆက်)