ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် အုတ်ဖိုမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

အုတ်ဖို ဇန်နဝါရီ ၁၃

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် အုတ်ဖိုမြို့ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ယနေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည်  မြို့နယ်စည်ပင် သာယာရေး ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် အုတ်ဖိုမြို့ မိုးညိုတန်းရပ်ကွက် ဥသာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးကာ ရေထွက်ပေါက်များ ပိတ်ဆို့မှုမရှိစေရေး ရေမြောင်းများစနစ်တကျ တူးဖော်ဆောင်ရွက်ရန် မှာကြားပြီး အ.ထ.က အုတ်ဖိုတွင် ဆောင်ရွက်လျက်ရှိသည့် နှစ်ထပ်ကျောင်းဆောင်နှင့် ပင်မကျောင်းဆောင်မှ ပြင်ဆင်ရန် လိုအပ်သည့် အစိတ်အပိုင်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားပြီး အ.ထ.က အုတ်ဖိုမှ ကျောင်းဆရာ၊ ဆရာမများအတွက် ထောက်ပံငွေ(၁၀) သိန်းကျပ်၊ စာသင်ခုံအလုံး(၅၀)နှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်း များ ထောက်ပံပေးအပ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောင်းကြီးတန်းရပ်ကွက်၊ လွှစင်တန်းလမ်း ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)