မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေး နှိုးဆော်

မယ်စဲ့ ဇန်နဝါရီ ၁၃

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း စတင်ကျဆင်းလာချိန်တွင် မိမိတို့နိုင်ငံအတွင်းသို့ မျိုးဗီဇ ပြောင်း ရောဂါပိုးများ ထပ်မံဝင်ရောက်လာခြင်းကြောင့် ရောဂါဖြစ်ပွားမှု ပြန်လည်မြင့်တက် မလာစေရေးနှင့် ရောဂါဖြစ်ပွားမှု နောက်ထပ်လှိုင်း တစ်လှိုင်းအဖြစ် ကြီးမားပြင်းထန်စွာ မဖြစ်ပွားစေရေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အနီးကပ် ကြီးကြပ်ကွပ်ကဲမှုဖြင့် ကျန်းမာရေးဝန်ကြီးဌာက ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ  ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင်လည်း ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှု ဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း (အိုမီခရွန်)နှင့် ပတ်သက်၍ အလွန်စိုးရိမ် ထိတ်လန့်ခြင်းမပြုဘဲ ရောဂါကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးရန်၊ အလှည့်ကျရရှိလာသည့် ကာကွယ်ဆေး မပျက် မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူဖြင်း အပါအဝင် ရိုးရှင်းသည့် အခြေခံ ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများကို ကိုယ်စီဆက်လက် လိုက်နာကြရန် အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)