လိပ်သိုမြို့သံမိုးတောင်ကျေးရွာတွင် အိမ်ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း (Home Gardening) လုပ်ငန်းအောင်မြင်ဖြစ်ထွန်း လိပ်သို

ဇန်နဝါရီ  ၁၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့ သံမိုးတောင်ကျေးရွာ မာသာနီနီအောင်၏    လယ်ယာမြေ ခြံဝင်းအတွင်း မိုးကာလအလွန်    ဟင်းသီးဟင်းရွက်  စိုက်ပျိုးခြင်းလုပ်ငန်းအား     အကောင်အထည် ဖော်ဆောင်ရွက်လျှက်ရှိရာ   ယခုအချိန်တွင်  အောင်မြင်ဖြစ်ထွန်း နေပြီဖြစ် ကြောင်း သိရသည်။

အဆိုပါ မိုးကာလအလွန်တွင် မိမိတို့အိမ်ခြံဝင်းအတွင်း  ဟင်းသီးဟင်းရွက်များကို ကိုယ်တိုင်စိုက်ပျိုး ထုတ်လုပ်ခြင်းကြောင့် ယခင်က တောင်ငူမြို့မှ  ရောင်းချမှု ကိုသာ မှီခိုအားထား နေရမှုကို လျော့ချလာနိုင်မည်ဖြစ်ပြီး ငွေကုန်သက်သာခြင်း၊ ဓါတုဆေးဝါးကင်းရှင်း၍   ကျန်းမာရေးနှင့်ညီညွတ်ကာ   လတ်လတ်ဆတ်ဆတ်  ဆွတ်ခူးစားသုံးရခြင်း၊   ပိုလျှံသော အသီးအရွက်များအား  မိမိတို့၏ ပတ်ဝန်းကျင်အား   ဝေငှပေးနိုင်ခြင်း၊ ရောင်းချခြင်းတို့ကြောင့်     မိသားစုအပိုဝင်ငွေ ရရှိနိုင်မည် ဖြစ်ကြောင်း   မြို့ဦးစီးမှူး ပြောပြချက်အရ  သိရှိရသည်။

မြို့ (ပြန်/ဆက်)