ဟင်္သာတ ဇန်နဝါရီ ၁၃
ဟင်္သာတမြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာအုပ်စုများတွင် နေထိုင်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး သက်ဆိုင်ရာ ကာကွယ်ဆေးထိုး စုရပ်များတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ( Covidshield ) အမျိုးအစားကို ပထမအကြိမ် ထိုးနှံပေးကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများထိုးနှံပေးရေးလုပ်ငန်းအား မြို့နယ်အတွင်း သတ်မှတ်ဆေးထိုး စုရပ် များတွင် အသက် ၁၈ နှစ်အထက် ဆေးမထိုးရသေးသူ ပြည်သူများကိုမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ ၊ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းဆောင်ရွက် ခဲ့ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းလွင် ထံမှ သိရသည်။
ကိုဇော်