ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့်အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင် ရွက်ပေး

ကျောင်းကုန်း  ဇန်နဝါရီ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၃)ဒုတိယညွှန်ကြားရေးမှုး ဦးဇော်မြင့်သည် ကျောင်းကုန်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူး ရုံးမှကျောင်း ကုန်းမြို့နယ် လှည်းဆိပ်အုပ်စု၊ လှည်းဆိပ်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦး ရေစာရင်းများကို ယမန်နေ့မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှုအားပေးခဲ့သည်။
အဆိုပါကျေးရွာနေပြည်သူများလက်ဝယ်နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့်အသက်(၁၀) နှစ် ပြည့်၊ အသက်(၁၈)နှစ် ပြည့်ပြီးသူ နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားပျောက်ဆုံး /ပျက်စီး သူပြည်သူများအားပန်းခင်းစီမံချက်အရ  နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြန်လည်ထုတ်ပေးခြင်း ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး၊ အိမ်ထောင်စုလူဦး ရေစာရင်း (၅၅) ခု နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၁၅) ကတ် ကိုကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
နိုင်ငံတစ်ဝှမ်း အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ် မရှိသေးသော ပြည်သူများအား ပန်းခင်း စီမံချက်ဖြင့်(၁၈)လကြာအချိန်ယူကာဆောင်ရွက်ပေးလျှက်ရှိရာ ကျောင်းကုန်းမြို့နယ်အနေ ဖြင့် ရပ်ကွက်နှင့် ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ကွင်းဆင်းဆောင်ရွက် ပေးလျှက်ရှိကြောင်းသိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)