ငါးသိုင်းချောင်း ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊ငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက်ပိုင်းက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး (Talk Show) အစီအစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာငါးသိုင်းချောင်းမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဦးစီးမှူးဒေါ်နှင်းယုဝေက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက်အများပြည်သူသိရှိလိုက်နာပူးပေါင်းဆောင် ရွက်ရမည့်အကြောင်းအရာများကိုမေးမြန်းဆွေးနွေးရာ နယ်မြေမီးသတ်စခန်းတာဝန်ခံလက်ထောက် မီးသတ်ဦးစီးမှူးဦးဝင်းနိုင် က မိသားစုနေအိမ်အလိုက်၊ ရပ်ကွက်အလိုက်၊မြို့ရွာအလိုက် မီးဘေးကြို တင် ကာကွယ်ရေးဆောင်ရွက်ထားရမည့်အချက်အလက်များ၊အရေးပေါ်အခြေအနေဖြစ်ပေါ်လာ ပါက ဌာနသို့ဆက်သွယ်အကူအညီတောင်းခံနိုင်ရန်အချက်အလက်များနှင့် မီးသတ်ဦးစီးဌာနအ နေဖြင့်လတ်တလောဆောင်ရွက်လျက်ရှိသည့်မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းနှင့် အများပြည် သူအကျိုးပြုလုပ်ငန်းများကို(Talk Show)အစီအစဉ်အနေဖြင့်အသိပညာပေးရှင်းလင်းဆွေးနွေး ရိုက် ကူးထုတ်လွှင့်ခဲ့ကြောင်းသိရှိရသည်။