စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ်၌ မျိုးစပါး၊ မျိုးစေ့ထုတ်စိုက်ခင်း ဧက(၁၅၀၀) ကို (CERP)အရ စိုက်ပျိုး

ဝက်လက် သြဂုတ်  ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ်တွင် မျိုးစပါး၊ မျိုးစေ့ထုတ်ဧက(၁၅၀၀)ကို (CERP)အရ စိုက်ပျိုး လျက်ရှိကြောင်း သိရသည်။

၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ဝက်လက်မြို့နယ်၌ Covid-19 စီပွားရေးကုစားမှုအစီအစဉ်(CERP) ဖြင့် (၁၅၀၀) ဧက စိုက်ပျိုးပြီး ဝက်လက်မြို့နယ်အတွင်း ကျေးရွာအသီးသီးရှိ တောင်သူများအတွက် မျိုးသန့်စပါး လိုအပ်ချက်ကို ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ ကျေးရွာအုပ်စု (၄၇) အုပ်စုရှိ တောင်သူ (၄၂၅) ဦးကို မျိုးသန့်စပါး စိုက်ပျိုးထုတ်သည့် ပညာကို တောင်သူများ သင်တန်းပေး ဆောင်ရွက်နေကြောင်းလည်း သိရသည်။

မျိုးကွဲများ အနေဖြင့် ပေါ် ဆန်းရင် (၁၃၅၀) ဧက ၊ဧရာမင်း (၅၀) ဧက ၊ နှင့် ရက်ကိုးဆယ် (၁၀၀) ဧက၊ စုစုပေါင်း (၁၅၀၀) ဧက စိုက်ပျိုး ထုတ်လုပ်သွားမည် ဖြစ်ကြောင်း နှင့် လာမည့် နှစ် မိုးရာသီတွင် ဝက်လက်မြို့နယ်၏ မျိုးသန့်စပါး လိုအပ် ချက်ကို အပြည့်အဝဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဟုရည်ရွယ်၍ ဆောင်ရွက်နေကြောင်းကို ဝက်လက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှမိုးကျော် ၏ ပြောကြားချက်အရသိရှိရသည်။

စိုးစိုးလှိုင်(ဝက်လက် ပြန်/ဆက်)