မြောင်းမြ ဇန်နဝါရီ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား များအား လူမှုရေးပင်စင် ထောက်ပံငွေများ ပေးအပ်ခြင်းကို ယမန်နေ့နေ့လယ် (၁)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုထောက်ပံ့ပေးခြင်းသည် ၂၀၂၁ -၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် တစ်ဦးလျှင် (၃၀၀၀၀)ကျပ်နှုန်းဖြင့် ပထမအကြိမ် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ မြောင်းမြခရိုင်အတွင်း အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများမှာ မြောင်းမြတွင် (၁၂၇၂)ဦး၊ အိမ်မဲတွင် (၉၀၈)ဦးနှင့် ဝါးခယ်မတွင် (၉၂၉)ဦး စုစုပေါင်း (၃၁၀၀)ဦးအတွက် ထောက်ပံငွေ ပေါင်း ကျပ်သိန်း (၉၃၀)တိတိအား သက်ဆိုင်ရာ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာများအလိုက် လူမှုရေးပင်စင် ထောက်ပံ့မှုများ ဆက်လက် ပေးသွားမည်ဖြစ်ကြောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးနော်ဝင်း၏ ပြောကြားချက်အရ သိရ သည်။
စန္ဒာကြည်