ပြင်စလူမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓာတ်ပုံများအား နံရံကပ်စာ စောင်ပြသဆောင်ရွက်

ပြင်စလူ    ဇန်နဝါရီ    ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါ လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓာတ်ပုံများအား  ယနေ့နံနက် ပိုင်းမှစတင်၍ ပြသထားရှိရာ ပြင်စလူမြို့၊ ဌာနဆိုင်ရာများ ဒေသခံပြည်သူများ လာရောက် ကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။

အဆိုပါ မြေစိုက်နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် (၉)ရပ်နှင့် ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်ရွက်နေမှု မှတ်တမ်းဓါတ်ပုံများပါဝင်သော ဗီနိုင်းပိုစတာများကို အများပြည်သူ များအလွယ်တကူ လေ့လာသိရှိနိုင်စေရန်အတွက်  ရုံးရှေ့မြေစိုက် နံရံကပ်ပြဘုတ်၌ ပြသဆောင်ရွက်ထားခြင်းဖြစ်သည်။

ဇော်ဝင်းထွန်း(ပြန်/ဆက်)