ရေနံချောင်း ဇန်နဝါရီ ၁၂
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ သပြေစမ်းကျေးရွာတွင် ယမန်နေ့နံနက် (၁၀)နာရီအချိန်ခန့်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၏ ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ကျေးရွာခွဲတာဝန်ခံ၏ နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လင်း၊ ချိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ကြပြီး မြို့နယ်ဦးစီးမှူး ဦးတင်အောင်ကျော် ကြီးကြပ်၍ လဝကမှူး ဦးအောင်ချမ်းငြိမ်း ဦးဆောင်သော ဝန်ထမ်း(၃)ဦးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သည့် သပြေစမ်းကျေးရွာရှိ နိုင် ၃(က) ဆောင်ရွက်သူ (၂)ဦး ၊ နိုင် ၆(က)ဆောင်ရွက်သူ (၉)ဦး နှင့် မိတ္တူဆောင်ရွက်သူ (၂၀)ဦး၊ စုစုပေါင်း (၃၁)ဦးတို့အား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင်အောင် ကျော်နှင့်အတူ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြကြောင်း သိရှိရသည်။
ငြိမ်းငြိမ်းအိ