ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်း ကာကွယ်ဆေး(Booster Dose) ထိုးနှံပေးသွားမည်

ခင်ဦး ဇန်နဝါရီ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး () ကြိမ်ထိုးနှံပြီး ခြောက်လ ပြည့်ပြီးသူများကို (Covishield) ထပ်မံထိုးနှံပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံက သိရသည်။

ထိုသို့ ထပ်ဆောင်းကာကွယ်ဆေး(Booster Dose) ထိုးနှံပေးရာတွင် ကျန်းမာရေး ဝန်ထမ်းများ၊ တပ်မတော်သား ဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့၊ နိုင်ငံ့ဝန်ထမ်းများ(ပညာရေး ဆရာ၊ ဆရာမများ) အခြားနိုင်ငံ့ ဝန်ထမ်းများ(အသက် ၅၀ နှစ်နှင့် အထက်) အသက် (၆၅) နှစ်နှင့် အထက် ပြည်သူများကို ထိုးနှံပေးနိုင်ရန် လျာထားကြောင်း သိရသည်။

စိုးဝေအောင်(ခင်ဦး)