ညောင်လေးပင် ဇန်နဝါရီ ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ် လသာကုန်း ကျေးရွာနှင့် ဝါးရုံကုန်းကျေးရွာတို့တွင် ကိုဗစ်- ၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး အနေဖြင့် ယနေ့နံနက်ပိုင်းက လူစည်ကားရာ နေရာများဖြစ်သော ရွာအဝင်/အထွက်၊ ရပ်ကွက်များ၊ လမ်းဆုံလမ်းခွများ၌ ဝါးရုံကုန်းကျောင်းမှ အလယ်တန်းပြဆရာမ နော်အေးအေး၀င်းက စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြသည်။
ထို့သို့ အသိပညာပေး နှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုး ဗီဇပြောင်း အိုမီခရွန် ကူးစက်မြန် ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော လမ်းညွှန်ချက်များအား လိုက်နာရန်၊ ပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မိမိတို့၏ နေအိမ်များတွင် နေထိုင်ရန်၊ အိမ်ပြင်ပသို့ ထွက်ပါက ပါးစပ်နှာခေါင်းစည်း( Mask) ကိုစနစ်တကျတပ်ဆင်ရန်၊ တစ်အိမ်နှင့်တစ်အိမ် သွားရောက်ပြီး စုဖွဲ့၍စကားပြောခြင်းများ ရှောင်ကြဉ်ရန်၊ တစ်ဦးနှင့်တစ်ဦး အနည်းဆုံး(၆)ပေ ကွာ၍ နေထိုင်ရန်၊ လက်ကို စက္ကန့်(၂၀)ကြာအောင် စနစ်တကျ ဆေးပါ စသည့် အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် အသိပညာပေး လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
(မြို့နယ် ပြန်/ဆက်)