မြို့သစ်မြို့နယ် လူထုအခြေပြု ဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်

 

မြို့သစ်  ဇန်နဝါရီ  ၁၂

မကွေးတိုင်းဒေသကြီး   မြို့သစ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း (Book Club ) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ပြည်သူ့စာကြည့်တိုက် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင်  မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူအသင်း ( Book  Club )အဖွဲ့မှ စာရေးဆရာ သူရိန်ဝင်း ဘာသာပြန်ဆိုသည့် အကျဉ်းစခန်း ၁၄မှလွတ်မြောက်ခြင်း စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ရာ တက်ရောက်လာသူများမှ စာအုပ်ပါအကြောင်းအရာများကို ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)