ကျောက်တံခါးမြို့နယ်၌ မကူးစက်တတ်သော ရောဂါများအား စစ်ဆေးဆောင်ရွက်ပေး

ကျောက်တံခါး ဇန်ဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် မကူးစက်တတ်သော ရောဂါများအား စစ်ဆေးပေးခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာန (ကျောက်တံခါး)တွင်  စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ပေးရာတွင် မကူးစက်တတ်သောရောဂါ အမျိုးအစားများဖြစ်သည့် သွေးတိုး၊ ဆီးချို၊ ကင်ဆာ၊ နှလုံးရောဂါ၊ ပန်းနာရင်ကျပ် စသည့် ရောဂါများအား စစ်ဆေးပေးခဲ့ပြီး အကယ်၍ ရောဂါတွေ့ရှိပါက ရောဂါများအတွက် ဆေး(၁)လစာအား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မကူးစက်တတ်သော ရောဂါများအား စစ်ဆေးပေးခြင်းကို ကျန်းမာရေးဝန်ထမ်းများမှ ဦးဆောင်၍ ယနေ့တွင်  စီမံကိန်းဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာန၊ ကော်မရှင်အဖွဲ့ခွဲဌာနနှင့် ပြန်/ဆက်ဌာနတို့မှ ဝန်ထမ်းများအား စစ်ဆေးပေးခဲ့ပြီး နောက်ရက်များတွင် ကျန်ရှိနေသော ဌာနဆိုင်ရာများအား ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းစန်း